ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ တစ်သောင်းကျော်ထိရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ တစ်သောင်းကျော်ထိရှိနေ



MNP - စက်တင်ဘာ   ၁၀


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ စက်တင်ဘာ ၁၀ ရက်၊ တစ်ရက်ထဲ တွင်ပင် လူဦးရေ တစ်သောင်းကျော်လာရောက်ဖူးမြှော်ကြကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြား မှုဦးစီးဌာန(ပုဂံ)ရုံးခွဲထံကသိရသည်။


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ကြသည့် မြန်မာပြည် အရပ်ရပ် မှ ဘုရားဖူးများသည် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပား/တောင်ကလပ် အဘ အောင်မင်းခေါင်ထွက်ပွဲလာရောက်ကြရင်း ပုဂံ-ညောင်ဦးသို့လာရောက်ကြပြီး ပုဂံဒေသရှိ သမိုင်းအထင်ကရဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘု ရား၊ မဟာငှက်ပစ်တောင်ဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ် တော်မြတ်စေတီ၊ ဗူးဘုရား၊ သဗ္ဗညုဘုရား၊ မဟာဗောဓိဘုရား၊ ကန်တော့ပ္ပလင်၊ ရွှေဆံ တော်ဘုရား၊စူဠာမဏိ၊ ဓမ္မရံကြီးဘုရား၊ မနုဟာဘုရားနှင့်ပြဿကြီးဘုရားများကိုလာ ရောက်ဖူးမြှော်သူများသော်လည်း လူသိနည်းသည့် ဘုရားပုထိုး၊စေတီ၊ သာသနိကအ ဆောက်အအုံများ၊ ရှေးအုတ်ကျောင်းကြီးများအား လူငယ်၊လူရွယ်များမှ E-Bike များ၊ မြင်းလှည်း၊ မီနီအိုဝေများငှားရမ်းကာ အစုလိုက်၊ အဖွဲ့လိုက် ပုဂံရှေးဟောင်း စေတီပုထိုး များအား လေ့လာဖူးမြှော်ကြကြောင်း၊ ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများတွင် မြန်မာ ပြည်အရပ်ရပ်မှဘုရားဖူးလာရောက်သူ တစ်သောင်း ကျော်ထိ လာရောက်ဖူးမြှော်ကြခြင်း ကြောင့် စားသောက်ဆိုင်များ၊ လက်အလှပန်းချီ(လက်ဆွဲပန်းချီ)ဆွဲသူများ၊ ရိုးရာသစ် ရွက်ပုံသနပ်ခါးလိမ်းပေးသူများ၊ ဘုရားပန်း ရောင်းသူများနှင်မြင်းလှည်း၊ E-Bike ငှားရမ်း သူများအဆင်ပြေနေကြပြီး ယခုရက်ပိုင်းအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက် သူများပြား လျက်ရှိကြောင်းသိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)