ဦးကျော်မိုးထွန်း ဘယ်ရောက်သွားပြီလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဦးကျော်မိုးထွန်း ဘယ်ရောက်သွားပြီလဲ



လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ကုလသမဂ္ဂအစည်းအဝေးမှာ ဦးကျော်မိုးထွန်း တက်ရောက်ခွင့်ရဖို့ NUG အကြမ်းဖက်အဖွဲ့က ဦးဆောင်သူတွေ ပြောဆိုနေကြတာကို တွေ့ရတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက နယ်တချို့မှာ NUG ကို ထောက်ခံကြောင်းနဲ့ ဦးကျော်မိုးထွန်း အစည်းအဝေးတက်ခွင့်ပြုဖို့ ဒေသခံပြည်သူများ ဆန္ဒဖော်ထုတ်တယ်ဆိုတဲ့ သတင်းတွေကို ပြည်ဖျက်မီဒီယာတွေက လုပ်ကြံဖန်တီးပြီး ရေးသားဖော်ပြခဲ့ကြတယ်။

ဒီလုပ်ကြံဖန်တီးမှုကြီးဟာ အထမမြောက်လိုက်တော့ သူတို့တွေ တော်တော်လေး ခံစားနေရလိမ့်မယ်လို့ ထင်တယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က တရားဝင်ခန့်ထားတဲ့ သံအမတ်ကြီး အစည်းအဝေးတက်ရောက်နေတာကို တွေ့ရတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ "ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့ရှိ Vienna International Centre တွင် ၁၂-၉-၂၀၂၂ ရက်မှ စတင်ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အုပ်ချုပ်မှုအဖွဲ့ (Board of Governors) အစည်းအဝေးသို့ Non-Board Member အဖြစ် တက်ရောက်လျက် ရှိကြောင်း" ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်း ဟာ တချိန်က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တရားဝင်ခန့်အပ်ခြင်း ခံခဲ့ရတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ NLD ပါတီရဲ့ မဲလိမ် မဲခိုး မဲမသမာမှုတွေကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်တဲ့ အချိန်မှာ ဦးကျော်မိုးထွန်း က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ NLD ခေါင်းဆောင်များဘက်က ရပ်တည်ကြောင်း လက်သုံးချောင်းထောင်ပြီး ယောက်ျားတန်မဲ့ ဝမ်းနည်းခြင်းကြီးစွာ မျက်ရည်ခြူခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ် ထင်ကြေးအမျိုးမျိုးပေးခဲ့ကြတာတွေ ရှိပါတယ်။

စာရေးသူရဲ့ အယူအဆကတော့ ဦးကျော်မိုးထွန်း ဟာ ဘယ်ဘက်မှ မယိမ်းဘဲ သူ့တာဝန်ကို သူ ဆက်လက်ထမ်းဆောင်လိုစိတ် ရှိနေပါလိမ့်မယ်။ သို့ပေသော် မဲလိမ် မဲခိုး NLD ပါတီကို အဓိက ကြိုးကိုင်နေတဲ့ CIA ရဲ့ စနက်ဟာ ကြောက်ဖို့ ကောင်းပါတယ်။ ကမ္ဘာ့မီဒီယာများရဲ့ မျက်နှာစာမှာ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ထိန်းသိမ်းခံလိုက်ရတဲ့ NLD ဘက်က ရပ်တည်တယ်ဆိုတဲ့ ပုံရိပ်တစ်ခုတော့ ရအောင် ဖန်တီးခဲ့ခြင်းလို့ပဲ ယူဆပါတယ်။ သူ့သဘော သူ့ဆန္ဒထက် နီးရာဓားကို ကြောက်ရတယ်ဆိုတဲ့ မြန်မာ့လူမှုအသိုင်းအဝန်းမှာ ဖြစ်နေတဲ့သဘောသဘာဝအတိုင်း ဦးကျော်မိုးထွန်းအနေနဲ့လည်း CIA က ကွက်ပျောက်ရှင်းလိုက်မှာကို ပိုပြီး စိုးရိမ်ကြောက်ရွံ့ရတဲ့ အခြေအနေကြောင့် လက်သုံးချောင်းထောင်ပြီး မျက်ရည်ခြူတဲ့ဘက်က ရပ်တည်ပေးရတဲ့ သဘောသာ ဖြစ်ပါလိမ့်မယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အမှား အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိပြီးသားဖြစ်ပါတယ်။ ပညာတတ်ပုဂ္ဂိုလ်မို့လို့လည်း ကုလသမဂ္ဂလို နေရာမျိုးမှာ သံအမတ်အဖြစ် တာဝန်ပေးအပ်ထားခြင်းဖြစ်ပါတယ်။ CIA ရဲ့ နိုင်ငံရေးကစားကွက်မှာကြတော့ အမှား/ အမှန် ဆိုတာထက် သူတို့ ပုံဖော်ချင်တဲ့အတိုင်း ဖြစ်အောင် လုပ်ကြံဖန်တီးပြီး ပုံဖော်ရတာ ဖြစ်တယ်။ ဦးကျော်မိုးထွန်းသည်လည်း အမှန်/ အမှားကို အသာထားပြီး CIA ရဲ့ လိုလားချက်အတိုင်း NUG အကြမ်းဖက်အဖွဲ့က ပုဂ္ဂိုလ်များနည်းတူ ယုတ္တိမတန်တဲ့စကားတွေ ပြောပြီး အများပြည်သူကို နိုင်ငံရေးမှိုင်းတိုက်တဲ့ လုပ်ငန်းတွေမှာ သဏ္ဍာန်လုပ် သရုပ်တူအောင် ကြိုးစားဆောင်ရွက်ပေးခဲ့ခြင်းကြောင့်သာ ယနေ့အချိန်အထိ အသက်ရှင်နေတည်နေနိုင်ခြင်း ဖြစ်ပါလိမ့်မယ်။ မဟုတ်ခဲ့ရင်တော့ CIA ရဲ့ လက်ချက်နဲ့ အမည်မသိ လူသတ်သမားက သတ်လို့ ကိစ္စတုန်းတဲ့ အခြေအနေမျိုးကို ရောက်သွားရမှာပဲ ဖြစ်ပါတယ်။

တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်တဲ့အချိန်မှာ ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့ရောက်ရှိနေတဲ့ နီပိန်းအုပ်စုက သူတို့ လှုပ်ရှားလို့ ရသမျှ အကြပ်ကိုင် ခြိမ်းခြောက်ပြီး ဖိအားပေးမှုတွေ လုပ်ခဲ့ကြတာကို အမှတ်ရနေကြပါလိမ့်မယ်။ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မော်မော် ကိုလည်း အလားတူ ဖိအားပေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီနေရာမှာ ဒေါ်မော်မော် ရှင်းလင်းပြောဆိုလိုက်တဲ့ စကားက အရမ်းကို လေးနက်ပါတယ်။ နီပိန်းတွေ နားလည်လက်ခံနိုင်စွမ်းမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် နိုင်ချင်တယ်လို့ ပြောခဲ့တယ်။ ဒါက ဖြစ်နိုင်ပါ့မလား။ ရွေးကောက်ပွဲတစ်ရပ်မှာ ရာနှုန်းပြည့် နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ အကြီးအကဲက ဒါမျိုးဖြစ်ချင်တယ်ဆိုတာနဲ့ပဲ အောက်က လူတွေက ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ပြန်လည်တင်ပြခြင်း မရှိဘဲ မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ခဲ့တဲ့အတွက်ကြောင့် အခုလိုဖြစ်ခဲ့ရခြင်းပဲ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဦးနေဝင်း၊ ဦးသန်းရွှေ တို့ကို အောက်က လူတွေက လိမ်ညာတင်ပြပြီး အာဏာရှင်ဖြစ်အောင် ဖန်တီးခဲ့သလိုမျိုးပဲ ဒေါ်အောင်ဆန်းစုကြည် က ဒါဖြစ်ချင်တယ်ဆိုတာနဲ့ပဲ ဘာမှ ပြန်လည်ဆန်းစစ်တင်ပြခြင်းမရှိဘဲ မလုပ်သင့်တာတွေလုပ်ပြီး အာဏာရှင်ဖြစ်အောင် ဖန်တီးခဲ့တဲ့ သဘောကိုလည်း နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ရှင်းပြလိုက်ပါတယ်။ နီပိန်းလေးတွေ အမြှီးကုတ်ပြီး ပြန်သွားခဲ့ရပါတယ်။

ဦးကျော်မိုးထွန်း လို ပညာတတ်တစ်ယောက်အနေနဲ့လည်း ဒါမျိုးဖြစ်ခဲ့တာကို ဆင်ခြင်သုံးသပ်မိမှာပဲ ဖြစ်ပါတယ်။ သို့ပေသော် သူရောက်ရှိနေတဲ့ နိုင်ငံက နော်ဝေမဟုတ်ဘူး။ ကမ္ဘာအရပ်ရပ်မှာ စစ်ပွဲတွေ ဖန်တီးနေတဲ့ အမေရိကန်နိုင်ငံ ဖြစ်နေတယ်။ အမေရိကန်တွေရဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုဒဏ်ကို သူ့မှာ ခံနိုင်စွမ်းမရှိဘူး။ နစက အနေနဲ့ ဦးကျော်မိုးထွန်း ကို အမှုဖွင့် တရားစွဲဆိုထားတာကလွဲလို့ အရေးတယူလုပ်ပြီး ပြောဆိုခဲ့တာ မရှိဘူး။ ဦးကျော်မိုးထွန်း အမေရိကန်မှာ ဘေးကြပ်နံကြပ် CIA ရဲ့ အကြပ်ကိုင်မှုကို ရင်ဆိုင်နေရပြီဆိုတာကို သဘောပေါက်ကြပြီးဖြစ်လို့ပါပဲ။

အခုတော့ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီဦးဆောင်သူများနှင့် မိတ်ဖက်နိုင်ငံရေးလုပ်စားသူများ တည်ထောင်ထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာလည်း ဘယ်လိုမှ ဖုံးဖိလို့မရအောင် ပေါ်လာခဲ့ပါပြီ။ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လူမဆန်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့အတူ အမေရိကန်ဟာလည်း အကြမ်းဖက်အားပေး အစိုးရဆိုတဲ့ ရုပ်လုံးဟာ ဖုံးဖိလို့မရအောင် ပေါ်လာတော့မှာပဲ ဖြစ်ပါတယ်။

အမေရိကန် ဟာ ယုတ်မာရက်စက်တဲ့ နေရာမှာ ကမ်းကုန်လွန်းပြီး ဟန်လုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့သာ ကြိုးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ အကြမ်းဖက် အုပ်စုတွေကို ဒီထက်ပိုပြီး ကျောထောက်နောက်ခံ ပြုပေးနေဖို့ မသင့်တော့ဘူးဆိုတာကို ပြန်လည်သုံးသပ်မိလာပြီ။ CRPH, NUG, PDF ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေဟာ ဘာသာရေး၊ လူမျိုးရေးကို ဦးတည်လာပြီ။ အမေရိကန်ရဲ့ ကူညီပံ့ပိုးမှုနဲ့ CRPH, NUG, PDF အကြမ်းဖက်သမားတွေက ရဟန်းသံဃာတော် ၄၅ ပါး အပါအဝင်၊ ဆရာ/ဆရာမ၊ အပြစ်မဲ့ ပြည်သူပေါင်း ၃၆၀၀ ကျော်အထိ လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီးပြီ။ မြန်မာနိုင်ငံသားအများစုရဲ့ ကိုးကွယ်ရာနဲ့ အနန္တဂိုဏ်းဝင်လို့ သတ်မှတ်ထားတဲ့ ဆရာ/ဆရာမတွေကိုပါ နိုင်ငံရေးအရိုင်းစိတ်သွင်းပြီး အမေရိကန်အနေနဲ့ အားရပါးရ သတ်ဖြတ်ခဲ့ပြီးပြီ။ အကြမ်းဖက်အုပ်စုရဲ့ နောက်ကွယ်ကနေ ဒေါ်လာသန်းချီ ထောက်ပံ့ပေးခဲ့တယ်ဆိုရင်တောင် သူတို့သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏ၊ မြန်မာပြည်သူတွေ အတုံးအရှုံးသေဆုံးခဲ့ရတဲ့ အခြေအနေဟာ သူတို့အတွက် လုံးဝအရှုံးမရှိပါဘူး။

မြန်မာနိုင်ငံသားအများစုရဲ့ ကိုးကွယ်ရာ သံဃာတော်တွေ၊ အနန္တဂိုဏ်းဝင် ဆရာ/ဆရာမတွေမချန် အားရအောင် သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်လို့ အမေရိကန်အနေနဲ့ CRPH, NUG, PDF ကို မလိုအပ်တော့ပါဘူး။ အခုချိန်က စပြီး မြောင်းထဲကို ပို့ပါတော့မယ်။ ဦးကျော်မိုးထွန်း ဆိုတာဟာလည်း ကုလသမဂ္ဂမျက်နှာစာမှာ ပျောက်ကွယ်သွားမှာ ဖြစ်သလို CRPH, NUG, PDF ဆိုတာတွေလည်း လူရာမဝင်တော့ပါဘူး။ ပြည်ဖျက်မီဒီယာတွေရဲ့ ရပ်တည်ချက်တွေလည်း လုပ်ကြံသတင်းတွေ ရေးသားဖော်ပြနေရာကနေ အချိုးပြောင်းလာကြပါလိမ့်မယ်။ 


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)