မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်




MNP ၊ စက်တင်ဘာ ၁၄

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် နိုင်ရေးကော်မတီဝင်များ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အစုလိုက် အပြုံလိုက် ရောဂါပိုးမတွေ့ရှိရသေးသော်လည်း ရောဂါပိုးတွေ့ရှိနှုန်း တဖြည်းဖြည်း မြင့်တက်လာနေတာကို တွေ့ရှိလာရသည့်အတွက် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကူးစက်နေမှုကို တွေ့ရှိနေရ သောကြောင့်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု လွှမ်းခြုံမှုနှုန်း (၁၀၀%) နီးပါး ထိုးနှံပြီးဖြစ်သော်လည်း မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး Omicron နှင့် ၎င်း၏ မျိုးစိတ်အသစ် ရောဂါပိုးများ အန္တရာယ်မှ ကာကွယ်နိုင်စွမ်း မြင့်မားစေရန် ထပ်ဆောင်းကာကွယ်ဆေးထိုးခြင်းများကို အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ လူစုလူဝေးဖြင့် အသွားအလာများသည့် နေရာများနှင့် လူအများစုဝေးရာနေရာများ တွင် Mask မဖြစ်မနေ တပ်ဆင်ရေးအတွက် Mask Campiagn လုပ်ငန်းများကို မြို့နယ်အတွင်းသတ်မှတ်ထားသည့် ရက်များအလိုက် အပတ်စဉ် ဆောင်ရွက်သွားဖို့ လိုသလို ရောဂါကူးစက်မှုမရှိစေရေး ထုတ်ပြန်ထားတဲ့ စည်းကမ်းများကို ပြည်သူတစ်ဦးချင်း သိရှိလိုက်နာစေရေး အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရုံး/ ဌာနများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာများ လိုက်နာဆောင်ရွက်ကြရန်နှင့် ကြိုတင်စီစဉ်ဆောင်ရွက်ထားရမည့် အချက်များကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး အစုလိုက် အပြုံလိုက်ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ ရောဂါပိုး တွေ့ရှိလာပါကလည်း တုံ့ပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးသွားကြရန် ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်နိုင်ရေးကောမတီဝင်များမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရှိမှု၊ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးနေမှု၊ အသိပညာပေးလုပ်ငန်းများနှင့် ကုသရေးဆေးရုံ၊ ကုသရေး Center နှင့် Quarantine Centre များ၊ လိုအပ်သည့် Oxygen များရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။


မွန်ပြည်နယ်အတွင်း လူဦးရေ(၂၂) သိန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံရမည့် (၁၈)နှစ်အထက် လူဦးရေ (၁၂၃၃၇၉၄)ဦး ရှိသည့်အနက်အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံနိုင်သည့် ဦးရေ (၁၈၇၀၅၁)ဦးအား ချန်လှပ်၍ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁၀၄၆၇၄၃)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၉၇၆၄၈၉)ဦး၊  Booster (3 rd Dose) ထိုးနှံပြီးစီးသူ (၂၉၀၇၄၉)ဦး၊ Booster (4 th Dose) ထိုးနှံပြီးစီးသူ (၁၅၈၉၇) ဦး ထိုးနှံပြီးစီးခဲ့ပြီး အလားတူ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းကာကွယ်ဆေး ထိုးနှံရမည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ (၂၅၅၅၆၂) ဦးအား ပထမအကြိမ် (၂၄၅၃၄၃)ဦး၊ ဒုတိယအကြိမ်(၂၃၅၄၇၃)ဦး၊ အသက် (၁၂)နှစ်အထက်မှ (၁၈)နှစ်အတွင်း ကာကွယ်ဆေးထိုးနှံရမည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ (၄၆၁၂၄)ဦးအား ပထမအကြိမ်(၄၅၁၅၉)ဦး၊ ဒုတိယအကြိမ် (၄၃၂၉၇)ဦး ထိုးနှံပြီးစီး ပြီးဖြစ်ကြောင်း သိရသည်။


ခင်စန်းမြင့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)