မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ်(၁/၈၅)သံကူကွန်ကရစ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ်(၁/၈၅)သံကူကွန်ကရစ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး



MNP ၊ စက်တင်ဘာ ၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ်(၁/၈၅) သံကူကွန်ကရစ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ ည ၆ နာရီ ၃၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်း-တောင်ဘုံ-သောင်ပြင်-အာယုတောင်သွားကားလမ်း၊ နှင်းစုံကျေးရွာ၊ ကျောက်ခွဲ စက်အနီး၊ မိုင်တိုင်အမှတ် ၈၄ မိုင် ၀ ဖာလုံနှင့် ၅ ဖာလုံကြား အရှည် ၁၂၀ ပေ၊ အနံ ၂၄ ပေရှိ နှင်းစုံသံကူကွန်ကရစ်တံတားအမှတ်(၁/၈၅)အား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် သံကူကွန်ကရစ်တံတား၏ ယာဘက်ကြမ်းခင်း ၁၀ ပေ ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး ဆိုင်ကယ်နှင့် ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာနိုင်ပြီး ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း သိရသည်။

ထိုသို့ ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)