တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)ဈေးတွင် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)ဈေးတွင် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ



MNP ၊  စက်တင်ဘာ   ၂၈

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)ဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးလာရောက်ဝယ်ယူကြသူများအကြား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ရည်ရွယ်၍ တာမွေ(ယာယီ)ဈေးတာဝန်ခံနှင့် ဈေးကိုယ်စားလှယ်များ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းအချိန်က ဈေး အတွင်းရှိ လူအသွားအလာများသည့် နေရာများ၌ ပါးစပ်/နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ဈေးအတွင်း ဈေးရောင်းချနေသူများ နှင့် ဈေးဝယ်လာကြသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တိတိကျကျ လိုက်နာ ဆောင်ရွက်နိုင်ကြစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


"မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါသည် မျိုးဗီဇပြောင်း မျိုးကွဲတစ်ခုအနေဖြင့် ကူးစက်မှုနှုန်း ပြန်လည်ဖြစ်ပေါ် လာတဲ့အချိန်မှာ ဒီဈေးက တာဝန်ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်   ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် ယခုလို အသိပညာပေး နှိုးဆော်တာဟာ အရမ်းကောင်းပါတယ်။ နောက်ပြီး ဒီဈေးက စားသောက်ကုန်ပစ္စည်းမျိုးစုံတွေနဲ့ အခြားလူသုံးကုန်ပစ္စည်းမျိုးစုံတွေကို ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်တဲ့ မြို့နယ်ရဲ့ အဓိက ဈေးကြီးတစ်ခုပါ။ အဲဒီအတွက် လူလည်းစုံပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေကလည်း ရာခိုင်နှုန်းများပါတယ်။ အခုလို ဈေးက တာဝန်ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေး နှိုးဆော်တာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ရောဂါနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်ပါတယ်။ ထိုမှတစ်ဆင့် ရောဂါရဲ့ ဆိုးကျိုးတွေကို သိရှိနားလည်လာပြီး လမ်းညွှန်ချက် တွေအတိုင်း တိကျစွာ နေထိုင် သွားလာကြမယ်ဆိုရင် ရောဂါကွင်းဆက်လည်း ပြတ်တောက်သွားနိုင်ပါတယ် ” ဟု ဈေးလာရောက်ဝယ်ယူသူတစ်ဦးက ဆိုသည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)ဈေး အပါအဝင် မြို့နယ်အတွင်းရှိ စည်ပင်သာယာ ဈေး(၇)ဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးလာရောက်ဝယ်ယူကြသူများအကြား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ်လည်း ဈေးအတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ ပါးစပ်/နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာရည်နှင့် လက်ကို စနစ်တကျ ဆေးကြောစေခြင်း၊ ဈေးအတွင်းရှိ လူအသွားအလာများသည့် နေရာများနှင့် သန့်စင်ခန်းများ အတွင်း ပိုးသတ်ဆေးဖျန်းခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)