ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ပြည်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ပြည်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့အား ကြည့်ရှုစစ်ဆေး



MNP - စက်တင်ဘာ   ၆


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲ ၁ နာရီ က ပဲခူးတိုင်းဒေသကြီး  ပြည်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့အား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းရေးရာနှင့် ဌာနလုပ်ငန်းဆိုင်ရာများကို လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။


ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး၏ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်နှင့် ပြည်သူ့စာကြည့်တိုက်တို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ဆောင်ရွက်ရန်လမ်းညွှန်မှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်ခရိုင်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ “နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းဥပဒေများ၊ ကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်အား ကျေးဇူးသိတတ်ကာ ပေးအပ်သောတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မိမိတို့တာဝန်ကျရာနေရာအသီးသီး၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် စေတနာထား၍ ဌာနလုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် လူငယ်များအား အတတ်ပညာအပြင် အသိပညာရှိလူငယ်များ ဖြစ်ရေးအတွက် လူငယ်အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ပိုမိုအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးရွာစာကြည့်တိုက်များအနက် လက်ရှိရှင်သန်နေသော ကျေးရွာကိုယ်အားကိုယ်ကိုး စာကြည့်တိုက်များအတွက် လိုအပ်သည့်ထောက်ပံ့မှုများရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဆောင်ရွက်မှုများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ပြည်သူ့အသံနှင့်ပြည်သူ့ သဘောထားများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ကောင်းမွန်သော စေတနာဖြင့် two way communication ပုံစံ ပေါင်းကူးပေးသည့် လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရသည့် ဝန်ထမ်းများဖြစ်၍ မိမိတို့ကိုယ်တိုင် ကဏ္ဍအလိုက် အသိပညာဗဟုသုတများ တိုးပွားရေးနှင့် မျှဝေပေးနိုင်ရေးအတွက် အမြဲမပြတ် စာပေဖတ်ရှုလေ့လာကြရန် လိုကြောင်းဖြင့် "အစရှိသည့် ဝန်ထမ်းရေးရာနှင့် ဌာနလုပ်ငန်းဆိုင်ရာများကို လမ်းညွှန်မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ပြည်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ စက်ရုံမှူးနှင့်ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)