ကာမိုင်းမြို့၌ မြို့ကြက်ခြေနီအသင်းခွဲငယ်မှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာမိုင်းမြို့၌ မြို့ကြက်ခြေနီအသင်းခွဲငယ်မှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနား ကျင်းပ



MNP - စက်တင်ဘာ  ၁၀


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခန့်က အ.ထ.က ကာမိုင်းမြစိမ်းရောင်ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ‌မြို့ကြက်ခြေနီလူငယ်များမှ ဒို့ကြက်ခြေနီ‌ တေးသီချင်းဖြင့် အခမ်း အနားကို ဖွင့်လှစ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က လမ်းညွှန်အမှာစကား ပြောကြားကာ မြန်နိုင်ငံကြက်‌‌ခြေနီအသင်းဥက္ကဋ္ဌ ဦး

မောင်မြင့်က ပေးပို့ခဲ့‌‌‌သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့သဝဏ်လွှာကို ကာမိုင်းကြက်ခြေနီအသင်းခွဲငယ်မှ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဖွင့်ဖောက် ဖတ်ကြား၍ မြို့ကြက်ခြေနီလူငယ်များမှ လူနာသယ်ဆောင်သရုပ်ပြခြင်း၊ စွမ်းရည်ပြသခြင်း၊ လူမှုဂရုဏ ပညာရေးဆောင်ရွက်မှု စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိ‌သော ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကြက်ခြေနီအဖွဲ့ဝင်များအား အ.ထ.ကကာမိုင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဆိုင်းခေါန်က ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး၊ မြို့ကြက်ခြေနီအသင်းခွဲငယ်မှ အဖွဲ့ဝင်လူငယ်များက မြန်မာပြည်မြောက်ဖျားက တို့ကြက်ခြေနီတေးသီချင်းသီဆို၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


သတင်း - လဆိုင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)