စဉ့်ကူးမြို့နယ်တွင် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲခင်းကျင်းပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲခင်းကျင်းပြသ




MNP ၊  စက်တင်ဘာ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့ နံရံကပ်စာစာင်ပြပွဲ ဆောင်ရွက်ရာတွင် လူကုန်ကူးမှုသည် လူသားမျိုးနွယ်စုတစ်ခုလုံးနှင့် သက်ဆိုင်သော ရာဇဝတ်မှုဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သောကြောင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများအား ကျောင်းသူ/ကျာင်းသားများ၊ လူငယ်လူရွယ်များ၊ ပြည်သူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန် ရှောင်ကြဉ်ရမည့် အချက်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေး ကာတွန်းများ၊ ကဗျာ၊ ဆောင်းပါးများ၊ ပိုစတာများ စသည်တို့ကို ပြသထားပြီး စာအုပ်ပြပွဲတွင်  ပညာရပ်စုံပါဝင်သော သုတရသ စာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များ၊ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ  လာရောက်လေ့လာဖတ်ရှုခဲ့ကြသည်။


စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊  စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)