ကရင်ပြည်နယ်အတွင်းလူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆန်အိတ်များလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်းလူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆန်အိတ်များလှူဒါန်း



MNP - စက်တင်ဘာ   ၈


ကရင်ပြည်နယ်အတွင်း လူမှုရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆန်အိတ်များပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်က ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။


ပေးအပ်လှူဒါန်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝါတွင်းကာလ ဆွမ်းဆန်တော်အခက်အခဲမဖြစ်စေရေးအတွက် ဘားအံ မြို့ပေါ်ရှိ ကျောင်းတိုက်အသီး သီးသို့ တစ်တင်းခွဲဆံ့ဆန်အိတ် ၈၀၀ ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ယခုလှူဒါန်းပေးသည့် ဆန်(၅)ပြည်အိတ် (၄၀၀)ကို ဘာသာရေးကျောင်းများ၊ မိဘမဲ့ဂေဟာ၊ ဘိုးဘွား ရိပ်သာ၊ စစ်ဘေးရှောင်စခန်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ပြန်လည်လှူဒါန်းပေး သွားရန် စီစဉ်လျာထားပါကြောင်း ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားပြီး ဘားအံမြို့နေ အလှူရှင် ဦးစောလစ်ဘဲက ပြည်နယ်အတွင်းလူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆန်(၅)ပြည်ပါ ဆန်အိတ် (၄၀၀)အိတ်အား ပေးအပ်လှူဒါန်းရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)