ဧရာဝတီတိုင်းဒေသကြီး၏ ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး၏ ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၄


ဧရာဝတီတိုင်းဒေသကြီး၏ ၂၃ ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ယမန်နေ့ နံနက်(၉) နာရီတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။


၂၃ ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား ပြိုင်ပွဲကျင်းပရေး နာယက၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးမောင်မောင်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ပြိုင်ပွဲကျင်းပရေးနာယက၊  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိစေရေးစသည့် ဦးတည်ချက်များနှင့်အညီ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ရာဝတီတိုင်းဒေသကြီး၏ ၂၃ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဖွင့်တေးသီချင်း ဖြစ်သည့် "ဖွံဖြိုးဝေစည်ဧရာဝတီ"တေးသီချင်းကို "တူယှဉ်နွဲပျော်ဂီတပွဲတော်" winner ဆုရှင် မဇင်သူသူထွန်းနှင့်အဖွဲ့မှ သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။ မြောင်းမြခရိုင်ကိုယ်စားပြုအဖွဲ့မှ ကျေးလက်ရိုးရာအကဖြင့် ကပြဖျော်ဖြေခြင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဖွင့်တေးသီချင်းဖြစ်သော အနုပညာရှင်ဦးခင်မောင်လွင် ရေးသားသည့် "ဖိတ်ခေါ်ပါသည် ဧရာဝတီ" တေးသီချင်းကို မောင်စိုးထက်အောင်၊ မဇင်သူဇာထွန်းနှင့် မဇင်သူသူထွန်းတို့က သီဆိုဖျော်ဖြေခြင်းနှင့် မြောင်းမြခရိုင်ကိုယ်စားပြု မွန်ရိုးရာအကအဖွဲ့များမှ သီဆိုကပြဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဧည့်ပရိတ်သတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။


ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်း၊ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးကြပ်ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)