မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အင်ဇိုင်းအသီးအပွင့်အားဆေးဖော်စပ်ခြင်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အင်ဇိုင်းအသီးအပွင့်အားဆေးဖော်စပ်ခြင်းသင်တန်းဖွင့်လှစ်

 



MNP - စက်တင်ဘာ   ၃


ဓာတ်မြေဩဇာများကို ရေရှည်အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွင်း သဘာဝမြေဆွေးများဆုံးရှုံးခြင်း၊ မြေချဉ်၊ ငံကိန်းများပြောင်းလဲလာခြင်းနှင့် အကျိုးပြုအနုဇီဝများနည်းပါးလာခြင်းတို့ကို ကာကွယ်နိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်၍ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အင်ဇိုင်းအသီးအပွင့်အားဆေးဖော်စပ်ခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ နတ်သူရဲကျေးရွာ၊ တောင်သူဦးဝင်းမြင့်၏ စိုက်ခင်း၌ကျင်းပရာ ဒေသခံတောင်သူများတက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ၏ ကျေးလက်လူနေမှုဘဝများ မြင့်မားတိုးတက်လာစေရန်ရည်ရွည်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များတိုးတက်လာရေးကို အထောက်အကူဖြစ်စေမည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာများဖြန့်ဝေပေးခြင်း၊ သွင်းအားစုများဖြည့်ဆည်းပေးခြင်း၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ တောင်သူထွက်ကုန်များတိုးတက်ရေး၊ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက်လည်း အသေးစား၊ အလတ်စားလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အားပေးပံ့ပိုးပေးနေလျက်ရှိပါကြောင်း၊ တောင်သူစီပွားဖွံ့ဖြိုးတိုးတက်စေရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက်စေရေး အဓိကသွင်းအားစုဖြစ်တဲ့ ဓာတ်မြေဩဇာသုံးစွဲမှုများကို လျော့ချကာ ကုန်ကျစရိတ်သက်သာပြီး မြေဆီလွှာအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် သဘာဝမြေဩဇာထုတ်လုပ်နိုင်စေရေးအတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးတဲ့ တောင်သူများအနေဖြင့်လည်း လက်တွေ့အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူကာ အခြားတောင်သူများကိုလည်း ပြန်လည်မျှဝေပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူး ဦးဝင်းထိန်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပျဉ်းမနားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသင်တန်းတွင် သင်ကြားပြသပေးသွားမည့် အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များအား တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်နေမှုနှင့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


သတင်း - ဇော်မင်းလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)