စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့တက်ရောက်

 




MNP - စက်တင်ဘာ  ၉  


စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ပညာရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ အနုပညာရှင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီးနောက် ဝါသနာ ရှင် ကျား-မ အကဘာသာရပ်တွင် (ပထမ-ဒုတိယ) ဆုရရှိကြသော အနုပညာရှင်အားလည်း ကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မြင့်မြင့်အောင်က အဆင့်မြင့်ပညာနှင့် ၁၀-၁၅ အကပြိုင်ပွဲများတွင် ဆုရရှိကြသူများအားလည်းကောင်း ဆုများအသီးသီး ချီးမြင့်ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဆင့်မြင့် ပညာ(မ) အကနှင့် မွန်တိုင်းရင်းသားရိုးရာအကအဖွဲ့ ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ကဗျာလွတ်အဖွဲ့၊ ကျေးလက်ရိုးရာအဖွဲ့နှင့် ရုပ်သေးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား လည်းကောင်း၊ အမှတ်(၇၂)သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ဇော်ထွန်းဦးက မဟာဂီတ(ကျား-မ)ပြိုင်ပွဲများတွင် ဆုရရှိသူများ အား ဆုများအသီးသီး ချီးမြင့်ပေးအပ်သည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ၌ ဘာသာရပ်အသီးသီးတွင် ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြင့်ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုချီး မြင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်အား လည်းကောင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်ထံ ဂုဏ်ပြု လက်မှတ်အားပေးအပ်ကာ ဆုရရှိကြသော ပြိုင်ပွဲဝင်အနုပညာရှင်များက အဆို၊ အကများဖြင့် ပြန်လည်ဖျော်ဖြေကြပြီး အောင်စေပိုင်စေသီချင်းဆို၍ ဆုချီးမြင့်ပွဲအခမ်းအနားကိုရုပ်သိမ်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊အရေး၊ အတီးပြိုင်ပွဲအား စက်တင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိယှဉ်ပြိုင်ခဲ့ရာ တိုင်းဒေသကြီး အတွင်းရှိ အဆို၊ အက၊ ဂီတ၊ အနုသုခုမဝါသနာရှင် စုစုပေါင်းပြိုင်ပွဲဝင် - ၂၅၁ ဦးမှ ပြိုင်ပွဲအမျိုး အစား - ၂၃ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)