MNP ၊ စက်တင်ဘာ ၁
ကျိုက်ထိုခရိုင်တရားရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက် ၈နာရီခွဲ တွင် ကျိုက်ထိုမြို့တောင်သူစုရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယခင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ရုံးဝင်း၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်နိုင်ထွန်းနှင့် တက်ရောက်လာသူများက ကျိုက်ထိုခရိုင်တရားရုံးဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များပက်ဖြန်း၍ ကျိုက်ထိုခရိုင် တရားရုံးကိုဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါခရိုင်တရားရုံးဖွင့်ပွဲသို့ ကျိုက်ထို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်နိုင်ထွန်း၊ ကျိုက်ထိုခရိုင်ဒုတိယရဲမှူး ထွန်းဇော်ဦး၊ ကျိုက်ထိုမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင် ဗိုလ်မှူး ပြည်ထွန်း၊ ကျိုက်ထိုမြို့နယ်ယာယီရဲတပ်ဖွဲ့မှူး ဇော်ဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်တရားရုံးဝန်ထမ်းများ၊ ဥပဒေရုံးဝန်ထမ်းများ၊ တက်ရောက်ခဲ့ပြီး ကျိုက်ထိုခရိုင်တရားရုံး အားစက်တင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကာတရားရေး ကိစ္စရပ်များအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment