ပန်းတနော်မြို့နယ်တွင် ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ အရေးပေါ်ကား (၁)စီး ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ အရေးပေါ်ကား (၁)စီး ပေးအပ်လှူဒါန်း

 


MNP - စက်တင်ဘာ  ၂၁


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရေလဲနှဲကောကျေးရွာအုပ်စုအတွင်းရှိ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ အရေးပေါ်ကား (၁)စီး ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရေလဲတောင်စုဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အရေးပေါ်ကားအား ဦးအိုက်မှူး၊ ဒေါ်ခင်မြင့် တို့၏သား ဦးသန်းရွှေ၊ သမီးဒေါ်ယမင်းခိုင် မိသားစုတို့မှ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ရေလဲတောင်စုကျေးရွာ အ.ထ.ကကျောင်းရှိ ဆရာ/ မ(၁၇)ဦးနှင့် ရေလဲကျေးရွာ အ.မ.ကကျောင်းရှိ ဆရာ/ မ (၅)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေလဲတောင်စု အ.ထ.က ကျောင်းရှိ ကျောင်းသား/ သူ (၃၃၄)ဦးနှင့် ရေလဲကျေးရွာ အ.မ.က ကျောင်းရှိ ကျောင်းသား/ သူ (၁၆)ဦးတို့အား တစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ် (၆)အုပ်နှုန်းစီဖြင့် ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)