မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်စဲချောင်း ပိတ်ဆို့မှုနှင့် မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်သို့ မြေပြိုကျမှုတို့အား ဖယ်ရှားရှင်းလင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်စဲချောင်း ပိတ်ဆို့မှုနှင့် မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်သို့ မြေပြိုကျမှုတို့အား ဖယ်ရှားရှင်းလင်းဆောင်ရွက်



MNP - စက်တင်ဘာ   ၂၇


ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်စဲချောင်းအတွင်းသို့ သစ်ပင်များပြိုလဲ၍ ရေလမ်းကြောင်း ပိတ်ဆို့မှုနှင့် မယ်စဲ့မြို့နှင့် ပန်တိန်းကျေးရွာကြားရှိ မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်သို့ သစ်ပင်လဲကျမှုနှင့် မြေပြိုကျမှုတို့ ဖြစ်ပွားခဲ့ရာ ယနေ့နံနက် ၃ နာရီမှ စတင်၍ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက နမ့်စဲချောင်းအတွင်း သစ်ပင်ပြိုလဲ၍ ရေလမ်းကြောင်းပိတ်ဆို့နေသည့် အမှိုက်သရိုက်များ၊ သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့သည်။


အလားတူ ယမန်နေ့ညနေက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်စဲ့မြို့နှင့် ပန်တိန်းကျေးရွာ ကြားရှိ မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်သို့ သစ်ပင်ပြိုလဲခြင်းနှင့် မြေပြိုခြင်းတို့ကြောင့် ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားနေရာ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးဖြိုးမြတ်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖ ဦးတင်ဇော်တို့က ကားလမ်းပေါ်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြေကြီးများအား ဖယ်ရှားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


ဆက်လက်၍ မိုးဆက်လက်ရွာသွန်းပါ မယ်စဲ့ရေစုကန် ရေကျော်မှုမဖြစ်ပေါ်စေရေး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်မှုဖြင့် သဲအိတ်များအား ရေစုကန်ဘောင်ပေါ်တွင် ကာရန် ထားရှိကြောင်း သိရသည်။


သတင်း - ဝတ်ရည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)