ဂွမြို့တွင် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊  စက်တင်ဘာ  ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့တွင် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းဝန်း အတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဇေယျာနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရွာမရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းဝန်း အတွင်းရှိ သစ်ပင်၊ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသောအမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)