ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ရွှေစကြာပရဟိတ သီလရှင်စာသင်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ရွှေစကြာပရဟိတ သီလရှင်စာသင်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

 


MNP - စက်တင်ဘာ   ၅


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တံခွန်တိုင်ရပ်ကွက်၊ ရွှေစကြာပရဟိတသီလရှင်စာသင်တိုက်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံရခြင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှုအလျင်အမြန်ရရှိ စေရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း ပြည့်သူကျန်းမာရေးဦးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးမှ ပြောကြားခဲ့ပြီး၊ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းကာပေးခြင်း၊ သွေး ပေါင်ချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။


အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးနှင့်ကျန်းမာရေးဝန်းများက ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ရွှေစကြာပရဟိတသီလရှင်စာသင်တိုက်ရှိ သီလရှင်အပါး (၇၀) အား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရsသည်။


ကျော်ကျော်အောင် 


မြန်မာနေရှင်နယ်ပို့စ်







No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)