ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အားကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အားကွင်းဆင်း ကြည့်ရှုစစ်ဆေး

 


MNP - စက်တင်ဘာ  ၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်ပိုင်းက  မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၂၀၀.၁၈၈)ကျပ်သန်းဖြင့် အောင်ဆုပြည့်ကျော်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် လွယ်ပွတ်ကျေးလက်ကျန်းမာရေးဌာန RC တစ်ထပ် အဆောက်အဦ သုံးလုံးနှင့်ဆက်စပ်လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွဋ်ဦး၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးဘစန်းလှနှင့်အငယ်တန်းအင်ဂျင်နီယာ-၂တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ကုမ္ပဏီဒါရိုက်တာအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်သူခိုင်တို့နှင့်အတူ ပါလောပါကယ် ကျေးရွာအုပ်စုတွင် မြေငှားဂရန် နှစ်ခုလျှောက်ထားလာမှုအား ကွင်းဆင်းကြည့်ရှုစစ်‌ဆေးပြီး နောင်အယ်ကျေးရွာရှိ နောင်အယ်-လောကဟိတပညာရေးကျောင်း သဲဗြုန်းလမ်းခင်း နိုင်ရေးအတွက် လမ်းတိုင်းတာခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးမြတ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)