MNP - စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ် ကွက်/ကျေးရွာများသို့ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဘက်တစ်လမ်းမှအဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်း ဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၆၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ညောင်ဦးမြို့ တောင်ဘီကျေးရွာအုပ်စုရှိ ဆယ်လံကျေးရွာ၊မြေနဲလေးရွာအုပ်စု မြေနဲလေး ကျေးရွာတို့တွင် Mobile ကားဖြင့်လိုက်လံရောင်းချလျက်ရှိကြောင်းသိရသည်။ အဆိုပါ Mobile ကားဖြင့်ရပ်ကွက်/ကျေးရွာနေပြည်သူများ လက်ဝယ်အရောက်ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿာချိန် ၆၆၀ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment