စလင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကျေးလက်နေဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကျေးလက်နေဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်



MNP - စက်တင်ဘာ   ၅


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဇရပ်လှကျေးရွာအုပ်စု ကြိမ်မြောင်းကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဇရပ်လှကျေးရွာအုပ်စု ကြိမ်မြောင်းကျေးရွာ ဘုရားတန်ဆောင်းအတွင်း၌ ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံခဲ့သည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အမှာစကားများ ပြောကြားရာတွင် မိမိတို့ကျေးရွာရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားစီစစ်ရေးကတ် ကိုင်ဆောင်ခွင့်ရရှိရေး ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကျေးလက်ဒေသများ လျှပ်စစ်မီးလင်းရေး၊ ရေရရှိရေးလုပ်ငန်းများနှင့်ပတ်သက်သည်များကို နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုများကို ပြည်သူများ နားလည်သဘောပေါက်စေရန် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။ ဆက်လက်၍ လိုက်ပါလာကြသည့် ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက ဌာနအလိုက် ရှင်းလင်းဆွေးနွေးကြရာ ဒေသခံကျေးရွာပြည်သူလူထုအား လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူဝန်ထမ်းတစ်ဦးမှ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပျောက်ဆုံးပျက်စီးလျှင် ပုံစံအသစ်ပြုလုပ်ပေးခြင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ကျေးရွာပြည်သူများ၏ လိုအပ်ချက်နှင့် သိလိုသည်များကို သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းခဲ့ကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးနေလင်းနိုင်က ဌာနအလိုက် ရှင်းလင်းဆွေးနွေးတင်ပြချက်များ၊ ပြည်သူများ၏ မေးမြန်းမှုများ၊ လိုအပ်သည်များကို ထပ်ဆင့်ဖြေကြား ဖြည့်စွက်ခဲ့ကာ စလင်းမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် ကျေးရွာပြည်သူလူထုများနှင့် သက်ဆိုင်ရာဌာနများ ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)