ပဲခူးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ





MNP ၊ စက်တင်ဘာ ၄

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို  ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးပေါ်တွင်မူတည်နေကြောင်း၊ စာသင်ခန်းထဲတွင် တိုင်းပြည်၏ အနာဂတ်၊ မိဘများ၏ ရည်မှန်းချက်၊ ကျောင်းသားများ၏ မျှော်လင့်ချက်များရှိနေသည်ကို သတိပြုရမှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာစစ်အတွေ့အကြုံရှိတဲ့ ပဲခူးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများက ဘာသာရပ်အလိုက် မေးခွန်းပုံစံများ၊ အမှတ်ပေးစည်းမျဉ်းများနှင့် ပါဝင်ရမည့်အချက်အလက်များကို တိကျစွာ ရှင်းလင်းသွားမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အထက်တန်းပြ ဆရာ/ဆရာမများအနေဖြင့်လည်း ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ရှင်းလင်းသင်ပြမည့် စာမေးပွဲဆိုင်ရာအချက်အလက်များကို သေချာတိကျရှင်းလင်းစွာ သိရှိစေရန် လိုအပ်ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံကောင်းများကို တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများကို အတတ်နိုင်ဆုံး အကောင်းဆုံး ပြန်လည်ကြိုးစားသင်ကြား ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့မှ  ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြ ဆရာ/ ဆရာမများနှင့် ပဲခူးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများ စုစုပေါင်း(၇၃၆)ဦး အတွက် စားသောက်စရိတ် သုံးဆယ့်ခြောက်သိန်းရှစ်သောင်းကျပ်အား ထောက်ပံ့ပေးခဲ့သည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးစိုးလွင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ စာသင်ဆောင်များအတွင်း အထက်တန်းပြ ဆရာ/ဆရာမများအား တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများက ဘာသာရပ်အလိုက် မေးခွန်းပုံစံများ၊ အမှတ်ပေးစည်းမျဉ်းများနှင့် ပါဝင်ရမည့် အချက်အလက်များ ရှင်းလင်းသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)