ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်



MNP - စက်တင်ဘာ   ၈


အောင်လံခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပဆောင်ရွက်ခဲ့ပါသည်။


ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက ဌာနဆိုင်ရာများအား လုပ်ငန်းများ‌ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အလေးထားလိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး Mask Campaign လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့၊ ရွာများ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းများ နှောက်နှေးကြန့်ကြာမှုများ မရှိစေရေးနှင့် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများမှ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးက ဝန်ထမ်းများလုံခြုံရေးနှင့် ရုံးလုံခြုံရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒုခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အဆင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းများအား ဖတ်ကြားတင်ပြခြင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များအား ဆွေးနွေးတင်ပြခြင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများမှ မိမိတို့၏ လုပ်ငန်းတာဝန် ဆောင်ရွက်ချက်များအား ‌ဆွေး‌နွေးတင်ပြခဲ့ကြပြီး ဆွေးနွေးတင်ပြချက်အပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။


သတင်း - ဇင်ဇင်မင်းမောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)