ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများဖြစ်သော အခြေခံကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်လှစ်မှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများဖြစ်သော အခြေခံကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်လှစ်မှုအား ကွင်းဆင်းကြည့်ရှု



MNP - စက်တင်ဘာ   ၆


သက်မွေးပညာရပ်များကိုသင်ယူပြီး တက်မြောက်သွားသည့်အတတ်ပညာရပ်များကို မိမိတို့၏လူမှုပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချနိုင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့်ဝင်ငွေနှင့် လူမှုစီးပွားဘဝများကို ယခုထက်ပိုမိုပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောကြားသည်။


ယမန်နေ့ နံနက် ၈ နာရီခန့်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်အစည်းအဝေးခန်းမတွင် ကျင်းပသည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများဖြစ်သော အခြေခံကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းအပတ်စဉ်(၄/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အလုပ်အကိုင်အသီးသီးကိုလုံလောက်သည့်အသိပညာခံယူချက်နှင့် အရည်အချင်းပြည့်ဝရန် သင် ကြားပေးခြင်းဖြစ်ပြီး သက်မွေးပညာရပ်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျွမ်းကျင်သည့် လုပ်သားဈေးကွက်ကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားရှားပါးမှုကို ဖြေရှင်းပေးနိုင်ပြီး ဒေသတွင်းစီးပွားရေးဈေးကွက်ဖော်ဆောင်မှု များကို ဆောင် ရွက်နိုင်မည်ဖြစ်ကာ မြို့ပြနှင့်ကျေးလက်ကွာဟမှု နည်းပါးပြီး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကာလတိုသင်တန်းများဖြစ်သော အခြေခံကွန်ပျူတာ သင်တန်းနှင့်စက်ချုပ်သင် တန်းတို့အတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားသည်။


ယနေ့ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ ၂၈ ဦး၊ စက်ချုပ်သင်တန်းတွင် သင်တန်းသား၊သင်တန်းသူ ၂၀ ဦး တက်ရောက်လျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်များက သင်တန်းခန်းမများတွင်သင်ကြား၊ သင်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)