ဂွမြို့တွင် ချစ်နိုင်(စိတ်ပညာ)၏" လူငယ်နှင့် ဇွဲ " စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် ချစ်နိုင်(စိတ်ပညာ)၏" လူငယ်နှင့် ဇွဲ " စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊ စက်တင်ဘာ   ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် ယနေ့  နံနက်ပိုင်းက ချစ်နိုင်(စိတ်ပညာ)၏" လူငယ်နှင့် ဇွဲ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်များအနေဖြင့် အသိပညာ၊ စာပေဗဟုသုတများရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ပြီး လိမ္မာယဉ်ကျေးသည့် သားကောင်းသမီးကောင်းများ ဖြစ်လာနိုင်စေရန် ရည်ရွယ်၍  ယခုလို  စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့် မမေသဇင်သင်းက လူအများ၏ ယုံကြည်အားကိုးခံထိုက်အောင် ရိုးဖြောင့်မှုရှိရမည် ဖြစ်သလို အကျင့်စာရိတ္တ ကောင်းရမည်ဖြစ်ကြောင်းနှင့် မိမိကိုယ်ကိုယ် ယုံကြည်သကဲ့သို့ လူအများကိုလည်း ယုံကြည်ရမည်ဖြစ်ကြောင်းကို "အများ၏ယုံကြည်မှု "  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခိုင်ဖြူဖြူသန့်က မရမနေ၊ မဖြစ်မနေ ဆန္ဒထက်သန်အားကြီးသူအတွက် မအောင်မြင် မပြီးစီးသော အလုပ်ဟူ၍ မရှိကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက်ရမည့် အကြောင်းကို "အောင်မြင်မှုခရီး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မဧကရီဝင်းကျော်က အခက်အခဲကြုံတွေ့လာပါက ကြောက်စရာမလို မရှောင်လွှဲဘဲ ရဲရဲရင်ဆိုင် ကျော်လွှားသွားရမည့် အကြောင်းကို  "လူငယ်နှင့်အခွင့်အလမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး  ဖတ်ကြားဆွေးနွေးချက်များအပေါ်  ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)