မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ



MNP - စက်တင်ဘာ   ၇


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၇ နာရီအချိန်က စတင်ကျင်းပရာ အပြေးပြိုင်ပွဲတွင် မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀ ပြိုင်ပွဲများနှင့် အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် ပြိုင်ပွဲများကို ကျား+မ ( ၁၆၁) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ညနေပိုင်းတွင် ဗိုလ်လုပွဲများကို ဆက်လက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးလှိုင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများက ဆုမဲပေါင်း (၆၁) ဆုကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမဆု ရရှိသူများကို တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြရမှာဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်အားကစားမှူး ဒေါ်နှင်းထံမှ သိရသည်။


သတင်း - ဇေယျာထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)