နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့်ဆီများ ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့်ဆီများ ဆက်လက်ရောင်းချပေး



MNP - စက်တင်ဘာ   ၂၁


နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ  ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆန်တစ်ပြည် ငွေ(၁၀၀၀)ကျပ်၊ စားသုံးဆီတစ်ပိဿာလျင် (၅၀၀၀) ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းတွင်  ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရွှေကြာပင်ရပ်ကွက်(သာယာကုန်း) အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုတစ်စုလျင် အခြေခံ စားကုန် ဆန်တစ်ပြည်ငွေ (၁၀၀၀) ကျပ်၊ စားသုံးဆီတစ်ပိဿာလျင် (၅၀၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၃၀၀) စုတို့အား ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)