ညောင်ဦးမြို့နယ်တွင် သောက်သုံးရေလိုအပ်နေသော ညောင်ပင်ကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သောက်သုံးရေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် သောက်သုံးရေလိုအပ်နေသော ညောင်ပင်ကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သောက်သုံးရေလှူဒါန်း



MNP - စက်တင်ဘာ    ၁


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ညောင်ပင်ကန်ကျေးရွာ အခြေခံပညာအထက်တန် းကျောင်းခွဲသို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)မှ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ကျေးရွာများ၊ တဲတိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများသို့ သောက်သုံးရေများလှူဒါန်းပေးလျက်ရှိရာ ညောင်ပင်ကန်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ သို့သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်းသိရပြီး ညောင်ပင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူ ၆၀ ဦး ပညာသင်ကြားနေကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)