လမ်းမတော်မြို့နယ်တွင် ဒီဂျစ်တယ်မီတာများ ပြောင်းလဲတပ်ဆင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းမတော်မြို့နယ်တွင် ဒီဂျစ်တယ်မီတာများ ပြောင်းလဲတပ်ဆင်

 



MNP - စက်တင်ဘာ   ၇


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် လျှပ်စစ်မီတာသုံးစွဲသော ပြည်သူများထံသို့ Smart ကျတဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်ပြီး၊ ယခင်တပ်ဆင်ခဲ့သော အိမ်သုံး Underlog မီတာမှ Digital မီတာ ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ Digital မီတာပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းက အိမ်သုံးမီတာကို ၂၀၂၂ခုနှစ် မေလ (၂၆)ရက်နေ့နှင့် ပါဝါမီတာများကို ၂၀၂၂ခုနှစ် ဇူလိုင်(၂၆)ရက်နေ့တွင် စတင် ပြောင်းလဲတပ်ဆင်ခဲ့သည်၊ ပြောင်းလဲတပ်ဆင်မှုများအား လျှပ်စစ်မီတာသုံးစွဲသူ ပြည်သူများအား၊ ကြိုတင်အကြောင်းကြားမှုများ ဆောင်ရွက်ခဲ့ပြီ၊ Digital မီတာပြောင်းလဲတပ်ဆင်ရေးနှင့်ပတ်သက်၍ လမ်းမတော်မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးအောင်သူဟိန်းက Digital မီတာတွင် ဘားကုတ်စနစ်ပါရှိသည့် အတွက် ဓာတ်အားခပေးဆောင်ရာတွင် အချိန်ကြာကြာ စောင့်ဆိုင်းမှုမရှိပါကြောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းနှင့် ဓာတ်အားသုံးစွဲ သူကြားမှာ ပွင့်လင်းမြင်သာမှုကို ဖော်ပြပြီး မီတာခပေးဆောင်ခဲ့သည့် တစ်နှစ်စာဓာတ်အားခ ကျသင့်ငွေမှတ်တမ်းများ သိရှိနိုင်သည့်အပြင် AMI စနစ်ကို အားလုံးပြောင်းလဲပြီးစီးပါက ပြည်သူအများစုအနေနဲ့ စိတ်ချမ်းမြေ့ကျေနပ်သည့် ဝန်ဆောင်မှုတွေ ရရှိနိုင်မည်ဖြစ်‌ကြောင်း၊ နည်းပညာပိုမိုသာလွန်သည့်အတွက်ကြောင့်  ဓာတ်အားပျောက်ဆုံးမှု နည်းပါးကြောင်း၊ မသမာမှုတွေ မပြုလုပ်နိုင်ပါကြောင်း၊ ဓာတ်အားသုံးစွဲသူများ History Data များကိုအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည်၊ မီတာဖတ်ခြင်းကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဖတ်နိုင်ပြီး လမ်းမတော်မြို့နယ်အတွင်းမှာ Digital အိမ်သုံးမီတာ ပြောင်းလဲတပ်ဆင်ခြင်း ရာခိုင်နှုန်းအနေဖြင့် ၉၇.၃၅ ရာခိုင်နှုန်းဖြစ်သည်၊ ပါဝါမီတာ ပြောင်းလဲတပ်‌ဆင်ခြင်း ရာခိုင်နှုန်းအနေဖြင့် ၂၀.၁၇ ရာခိုင်နှုန်းဖြစ်သည့်အတွက် စုစုပေါင်း၏ ၈၇.၉၃ ရာခိုင်နှုန်း ပြီးစီးခဲ့သည်၊ Underlog မီတာတွေကို Digital မီတာတွေနဲ့ ပြောင်းလဲတပ်ဆင်ခြင်းဖြင့် အကျိုးသတ်ရောက်မှုရှိစေပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းနှင့် ပြည်သူတွေအကြား၊ ပြောင်းလဲနိုင်သည့် အခြေအနေကို ရှင်းပြရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


လမ်းမတော်မြို့နယ်အတွင်းမှာရှိသည့် မီတာများက၊ အိမ်သုံးမီတာ၊ အိမ်သုံးပါဝါမီတာ၊ လုပ်ငန်းသုံး စင်တီမီတာနှင့် H.D မီတာများအားလုံး လဲလှယ်ခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ် နိုဝင်ဘာလကုန်တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်ဆန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)