မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်




MNP - စက်တင်ဘာ   ၂၃


မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်း၍ ဗဟိုအဆင့်ဆင့်မှ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဆင့်အထိ ကော်မတီ(၃)ရပ်ဖြင့် ဟန်ချက်ညီညီတိုးတက်စေရေးအတွက် ၂၀၁၈ ခုနှစ် ခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ပြည်တွင်း/ပြည်ပ ဧည့်သည်ဝင်ရောက်မှုများမှ ဝင်ငွေအနေဖြင့် ကျပ်သိန်း (၆၅၆၀) ခန့် ရရှိခဲ့ပြီးဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖြင့် ဒေသခံများ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် တီထွင် ကြံဆဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွာရေးရာဝန်ကြီးက အမှာစကားပြောကြားရာတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်(၁၃)ချက်ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာမှ အောင်မြင်သည့်ရလဒ်များတွေ့ရှိရပြီး အေးချမ်းသော ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်ရေး ပထမအဆင့်အနေဖြင့် ဆောင်ရွက်ရာတွင် မကွေး၊ မင်းဘူး၊ မင်းလှ၊ သရက်၊ အောင်လံ၊ တောင်တွင်ကြီးခရီးစဉ် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နိုင်ခဲ့ပါကြောင်းနှင့် ဈေးကွက်ရရှိစေမည့် ခရီးမြှင့်တင်ရေးနှင့်ဒေသများရှိ ဖြစ်နိုင်ခြေရှိသောနေရာ Eco  Tourism သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် Community Based Tourism လူထုအခြေပြုခရီးသွား လုပ်ငန်းတို့ကိုလည်း ရှာဖွေဖော်ထုတ် ရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဒေသဆိုင်ရာခရီးသွာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊  ညွှန်ကြားရေးမှူးက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။


ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသော ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များမှ တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)