မြင်းခြံမြို့နယ် ဆားခါးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မြင်းခြံမြို့နယ် ဆားခါးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

24


MNP - စက်တင်ဘာ   ၅


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာတွင် ယမန်နေ့ည (၁၁) နာရီ (၅၅) မိနစ်ခန့်တွင် လျှပ်စစ်ပန်ကာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဦးမင်းဇော်၏ နေအိမ်အတွင်းရှိ လျှပ်စစ်ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်ရာသို့ မြင်းခြံခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ်ရေသယ်ယာဉ် (၃) စီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ သံမဏိစက်ရုံမှ ရေသယ်ယာဉ် (၁) စီး၊ (Sembcop) စက်ရုံမှ ရေသယ်ယာဉ် (၁)စီး၊ အဖြူရောင်လက်များ ပရဟိတလူမှုရေးအသင်းမှ ရေသယ်ယာဉ် (၁) စီး၊ သန္ဓေတပ်ဖွဲ့ဝင် စုစုပေါင်း (၅၈) ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ယနေ့နံနက် (၂) နာရီခန့်တွင် မီးငြိမ်းခဲ့သည်။


မီးလောင်မှုကြောင့် (၃၂×၂၄) ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂) ထပ် လူနေအိမ် (၁) လုံး၊ (၃၂×၂၄) ပေ သွပ်မိုး၊ ထရံကာ (၁) ထပ် လူနေအိမ် (၁) လုံးနှင့် TOYOTA IPSUM အမျိုးအစား အဖြူရောင် မော်တော်ယာဉ် (၁) စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ ဦးမင်းဇော်အား မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages