ဟင်္သာတမြို့နယ်၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းပြသင်တန်း ဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းပြသင်တန်း ဆင်းပွဲ ကျင်းပ

 


MNP -စက်တင်ဘာ  ၂၄


ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမူ သင်တန်းကျောင်း ရှိအစည်းအဝေးခန်းမတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမူနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂  နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိူင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “မြန်မာနိုင်ငံအနှံမှ လာရောက်ကြသော သင်တန်းသားသင်တန်းသူများ အနေဖြင့် သင်တန်းကာလအတွင်း နည်းပြဆရာများက သင်ကြားမှုများကို ဂရုစိုက်သေချာစွာ မှတ်သားလေ့ကျင့်သင်ယူခဲ့ပြီး နောက်မိမိတို့ နယ်ပယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည် မျှဝေပေးစေလိုကြောင်း၊ နည်းပြကောင်းဆရာကောင်းများဖြစ်အောင် ကျိုးစားကြစေလိုကြောင်း ၊ ဖြစ်ပေါ်လာမည့် မည်သည့်သဘာဝဘေးမျိုးကိုမဆို စေတနာအရင်းခံ၍ သက်ဆိုင်ရာမိတ်ဖက် ဌာနများ လူမှုရေးအသင်းအဖွဲ့များနှင့် ကြိုးစားပူးပေါင်း နည်းလမ်းပြဆောင်ရွက် ကြရန်” တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းကျောင်းတာဝန်ခံမှ သင်တန်းဆင်း အစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့ပြီး သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့အား တက်ရောက်သူများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ် ခဲ့ကြကာ သင်တန်းတွင်ပထမဆုရ ကသ-၁၁ ဦးကျော်အေးလှိုင်အား ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုမှူးကြီး နေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဖွဲ့ဝင်များ၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမူသင်တန်းကျောင်းမှ တာဝန်ခံနှင့် ဆရာ/ဆရာမများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား (၁၇) ဦး၊ သင်တန်းသူ(၁၇) ဦး၊ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)