အမ်းမြို့နယ် ပြည်သူ့ဆေးရုံ ဝင်းအတွင်းသန့်ရှင်း သာယာလှပရေး စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် ပြည်သူ့ဆေးရုံ ဝင်းအတွင်းသန့်ရှင်း သာယာလှပရေး စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်





MNP ၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်ပြည့်သူ့ဆေးရုံဝင်းအတွင်းသန့်ရှင်းသာယာလှပရေးအတွက်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းကို ယနေ့နံ နက်(၇) နာရီအချိန်က အမ်းမြို့ပြည်သူ့ဆေးရုံးဝင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါပြည်သူ့ဆေးရုံ ဝင်းအတွင်းသန့်ရှင်း သာ ယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့ နယ် မီး သတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သားများ၊ ခရိုင်/မြို့ နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် /ကျေး ရွာ အုပ်ချုပ်ရေးမှူးများ နှင့်ပြည်သူများ စုပေါင်း ပါဝင်၍   မြို့နယ် ပြည်သူ့ဆေးရုံရှေ့ပတ်ဝန်းကျင် ရှိအမှိုက်များ၊ခြုံ နွယ် ၊ပေါင်းမြစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)