အ.ထ.က(မိုးညို)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး(တတိယအကြိမ်)ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.က(မိုးညို)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး(တတိယအကြိမ်)ထိုးနှံ

 


MNP - စက်တင်ဘာ  ၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး တတိယအကြိမ်(Booster Dose)ထပ်မံထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာကျော်မိုးကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၁၂)နှစ်မှ(၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ(၃၂၆)ဦးအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးတတိယအကြိမ်(Booster Dose)ကို ထိုးနှံပေးခဲ့သည်။


အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အ.ထ.က(မိုးညို)မှ ဆရာ၊ ဆရာမများက ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းမှတ်တမ်းရေးသွင်းခြင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။ အလားတူ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင်လည်း သက်ဆိုင်ရာကျေးရွာကျန်းမာရေးဌာနများမှ ဝန်ထမ်းများက ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)