ရုရှားနှင့် မြန်မာကြား ဆက်ဆံရေး အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများအား ရုရှားသမ္မတပူတင် ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနှင့် မြန်မာကြား ဆက်ဆံရေး အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများအား ရုရှားသမ္မတပူတင် ကြေညာ





MNP ၊ စက်တင်ဘာ ၇

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံရာမှာ အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ အပြုသဘောဆောင်တဲ့ တိုးတက်နေတယ်လို့ သမ္မတပူတင် က ပြောကြားခဲ့သည်။


ရုရှားနှင့် မြန်မာကြား ကုန်သွယ်မှုနှင့် စီးပွားရေး ဆက်ဆံမှု ပမာဏမှာ ပျော့ပျောင်းသော်လည်း လမ်းကြောင်းများ ကောင်းမွန်ကြောင်း ရုရှားခေါင်းဆောင်က ထပ်လောင်း ပြောကြားခဲ့သည်။


"ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အပြုသဘောဆောင် တိုးတက်နေပါတယ်။ ကုန်သွယ်မှုနဲ့ စီးပွားရေး ဆက်ဆံမှု ပမာဏဟာ လုံးဝကို နိမ့်ကျနေဆဲပါပဲ၊ ဒါပေမယ့် လမ်းကြောင်းဟာ အလွန်ကောင်းမွန်နေပါတယ်၊ ဒီနှစ် ပထမနှစ်ဝက်မှာ ၂ ဒသမ ၄ ဆ တိုးလာခဲ့ပါတယ်" ဟု သမ္မတ ပူတင်က ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။


မြန်မာခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၌ စက်တင်ဘာ ၉ ရက်အထိ နေထိုင်မည်ဖြစ်ပြီး Ulan-Ude၊ Irkutsk နှင့် Vostochny Cosmodrome သို့သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ရုရှားသတင်းဌာနများတွင် ဖော်ပြထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)