သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျုံကဒတ်ကျေးရွာနှင့် စက်စဲကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျုံကဒတ်ကျေးရွာနှင့် စက်စဲကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်




MNP - စက်တင်ဘာ   ၂၈


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကျုံကဒတ်ကျေးရွာ(ဓမ္မာရုံ)နှင့် မွန်းလွဲပိုင်းတွင် စက်စဲကျေးရွာ (ဓမ္မာရုံ)တို့၌ ကွင်းဆင်း၍   ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။


ထိုသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ကျေးရွာနေ ပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျောင်းများ ကောင်းမွန်စေရေးနှင့် ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုး မွေးမြူရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းများ၊ စာသင်ကျောင်းလိုအပ်ချက်များရှိပါက တင်ပြနိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများကို အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍  မြို့နယ်စီမံအုပ်ချုင်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူး သက်ထွန်းဦးက နိုင်ငံရေးစစ်ကြောင်းအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချပြရှင်းလင်းပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများ ဆွေးနွေးသည်၊၊


ထို့နောက် မြို့မစခန်းမှူး ဒုရဲမှူး မိုးမြင့်က လုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ပစ်မှုဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည် ကျေးရွာနေ ပြည်သူများ၏ တင်ပြမေးမြန်းချက်များအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးသီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)