လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - စက်တင်ဘာ  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ငွေလုံးငွေရင်းဖြင့် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိသည်။


ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကွန်ကရစ်လမ်းခင်းရာတွင်အချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေးပြည့်မီရေးအတွက် စစ်ဆေးကြည့်ရှုလျက်ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းကို မြို့နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ကွန်ကရစ်ခင်းခြင်းကို အမှတ်(၁)ရပ်ကွက်တွင်အလျား(၁၈)ပေ၊ အနံ(၇လက်မ)၊ ထု(၄၁၀၀)ပေတို့ကို ဘုရင့်နောင်မြို့ပတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် တောင်ငူလမ်း(အလောင်းဘုရားလမ်း) တိုးချဲ့ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဦးခိုင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မျိုးယုမော်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်နှင့်အဖွဲ့တို့ပူးပါင်း၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ခင်ဝင်းမူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)