ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု ၊ မှိုင်းလုံးကျေးရွာသို့ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု ၊ မှိုင်းလုံးကျေးရွာသို့ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

 



MNP - စက်တင်ဘာ  ၁၄


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦး လွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု၊ မှိုင်းလုံးကျေးရွာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းက မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခြင်း၊  ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမှုအခြေအနေများအား ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၆) ခုမှ ဌာနအလိုက် ပြည်သူ့ဝန် ဆောင်မှုပေးနေသည့်လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးမည့်အခြေအနများအား အသီးသီး ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို  တင်ပြကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြင်ဦးလွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက ဖြည့်စွက်ရှင်းလင်း၍ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမည့် အစီအမံများအား ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအတွက် စိုက်ပျိုးရေးအသိပညာပေးလက်ကမ်းစာစောင်နှင့် မြို့နယ်လျှပ်စစ်ဌာနမှ လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဌာနဆိုင်ရာများက စုပေါင်း၍ Mask Campaign ပြုလုပ်ခြင်း ၊ ကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ခြင်းနှင့် မွေးတိုး/အလျော့ပြုလုပ်ပေးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာတွင်းလမ်းများအား ကွင်း ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကျေးရွာသူ/ကျေးရွာသားများထံသို့ ထောက်ပံ့ငွေနှင့် သီးပင်စားပင် မျိုးစေ့ များ ပေးအပ်လှူဒါန်းခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နောင်လှိုင်ကျေးရွာအုပ်စု၊ သာသနာဝိပုလာရာမကျောင်းတိုက် ဆရာတော်  ဦးသောပါက ထံသို့ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ အပါအဝင် ကျေးရွာပြည်သူ (၂၇၀) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲ အခမ်းအနားအား မွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


သတင်း - ဖြူလူသစ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)