မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက် စက်တန်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး၊ ကျန်ရှိနေသေးသည့်လမ်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက် စက်တန်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး၊ ကျန်ရှိနေသေးသည့်လမ်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်မည်




MNP - စက်တင်ဘာ ၁၄


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အောင်ဆန်းရပ်ကွက် စက်တန်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ 


မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ခု  ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇.၅၁၂ သန်းဖြင့် အောင်ဆန်းရပ်ကွက် စက်တန်းလမ်းအား အရှည်  ၆၂၀ ပေ ၊ အကျယ် ၁၂ ပေ ၊  ထု ၆ လက်မရှိသည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် SAFE WAY CONSTRUCTION CO;LTD က တာဝန်ယူ၍ စက်တင်ဘာလ ပထမပတ်မှစတင်ပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 


မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်း(၁၂)လမ်းအနက်  ပြည်သာယာမြောက် မြင်းခြံလမ်းမကြီး၊ ကျီးတော်ကုန်းရပ်ကွက် မိုးကုတ်ဝိပဿနာကျောင်းလမ်း၊ မဟာစည်တိုးချဲ့ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းတို့အား ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် အောင်ဇေယျာရပ်ကွက် စက်သုံးဆီလမ်းထိပ်မှ ဘူတာဟောင်းလမ်းဆုံ၊ ရတနာမာရ်အောင်ရပ်ကွက် ခိုင်ရွှေဝါလမ်း၊ သီရိမင်္ဂလာရပ်ကွက် ရွှေဝတ်မှုံလမ်းတို့အား ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။


၎င်းအပြင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို   ပေါက်ချောင်းရပ်ကွက် ဘောလုံးကွင်းလမ်း၊ နန်းတော်ကုန်းရပ်ကွက် သုခထီလာလမ်းသွယ်(၅)၊ ဈေးအရှေ့ပြင်ရပ်ကွက် ဘကြီးဆန်းပွဲရုံရှေ့လမ်း၊ ဝန်ဇင်းရပ်ကွက် ဒက္ခိဏလမ်း၊ ရန်မျိုးအောင်ရပ်ကွက် ဒုတိယလမ်းမတော်တို့ကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)