ဆောင်းသီးနှံနေကြာသီးညှပ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာများဖြန့်ဖြူးရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆောင်းသီးနှံနေကြာသီးညှပ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာများဖြန့်ဖြူးရောင်းချ



MNP - စက်တင်ဘာ   ၂၈


ဒေသခံပြည်သူများ စားသုံးဆီဖူလုံစွာရရှိရေးအတွက် ဆောင်းသီးနှံနေကြာသီးညှပ်စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ လင်းလွန်းပင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်းတွင် ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုချိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများက ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် တောင်သူ(၃၀)ဦးအား ရေဆင်းစပ်မျိုးနေကြာ-၁နှင့် MPE ဓာတ်မြေသြဇာများကို ပေးအပ်ခဲ့သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရေဆင်းစပ်မျိုးနေကြာ-၁(၃.ဝ)ကီလိုဂရမ် တစ်အိပ်လျှင် ၂၁၀၀၀/-ကျပ်နှင့် ဓာတ်မြေသြဇာတစ်အိပ်လျှင် ၃၄၄၀၀/-ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်ချပေးခြင်းဖြစ်ကြောင်း သိရသည်။


အုတ်ဖိုမြို့နယ်အနေဖြင့် ဆောင်းသီးနှံနေကြာကို ယခင်နှစ်က သီးညှပ်စိုက်ပျိုးဧက (၃၈၀)သာစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် သီးသန့်စိုက်ပျိုးဧက(၄၀၀)နှင့် သီးညှပ်စိုက်ပျိုးဧက (၄၂၁၀)ဧကအထိတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးဌာနမှသိရသည်။


သတင်း -အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)