ပဲခူးတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပဲခူးတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


49


MNP - စက်တင်ဘာ   ၂


ပဲခူးတိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ဥပဒေချုပ် ဦးခင်မောင်တင့်နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) နာယက ဦးစိန်မြအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


ဆက်လက်၍ ပဲခူးခရိုင်မှ ပြိုင်ပွဲဝင် မနန္ဒာလွင် က ဗိုလ်ရှုသဘင်သီချင်းအား သီဆို၍ တောင်ငူခရိုင်မှ ပြိုင်ပွဲဝင် မအိမ့်မှူးခင် က အကဖြင့်လည်းကောင်း၊ ပဲခူးခရိုင်မှ ပြိုင်ပွဲဝင် မောင်ဟန်ထွန်း (ခ) မောင်ခိုင်ထွန်း က မင်းသားအကဖြင့်လည်းကောင်း၊ သာယာဝတီခရိုင်မှပြိုင်ပွဲဝင် ဦးအေးမင်းဇော်နှင့် အဖွဲ့က အိုးစည်၊ အတီး၊ အကများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြရာ တက်ရောက်လာကြသော တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။


ပဲခူးတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ပဲခူးမြို့တော်ခန်းမတွင် အကပြိုင်ပွဲ၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီးတွင် အဆိုပြိုင်ပွဲနှင့် သီရိဟံသာခန်းမတွင် အရေး၊ အတီး တို့အား တစ်ပြိုင်တည်း ကျင်းပလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages