ကျောက်ဖြူမြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ်






MNP ၊ စက်တင်ဘာ  ၉

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ် ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့်သင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ 


အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက” ဝ ထ က လ သ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရာများ၊ လှုပ်ရှားဆောင်ရွက်ခဲ့ကြပုံများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အထက(၁)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ပွင့်ဖြိုးပိုင်၊ အထက(၂)မှ အထက်တန်းပြဆရာမ ဒေါ်မြနွယ်နှင့် အထက(၃)မှ အထက်တန်းပြဆရာ ဦးကျော်မင်းထွန်းတို့ က နိုင်ငံတကာစာတတ်မြောက်ရေးနေ့နှင့်ပတ်သက်၍ အကျယ်တဝင့် ‌ဟောပြောခဲ့ကြသည်။ 


ဆက်လက်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ တို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပညာရေးမှူးမှ ဆုများအသီးသီးပေး အပ်ချီးမြှင့်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက”လေးဝတီ” သီချင်းကိုသီဆိုကာ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)