ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဆွေးနွေးပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဆွေးနွေးပွဲ

 


MNP - စက်တင်ဘာ   ၃


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/ ဆရာမများအား ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီကအမှတ်(၇)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါသင်တန်းဆွေးနွေးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူကအဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်ထူးထူးလွင်က ဆရာ/ ဆရာမများအနေဖြင့် ယခုသင်တန်းက ပို့ချပေးမည့် ဘာသာရပ်များကို လေ့လာမှတ်သား၍ မိမိကျောင်းတွင် ဆရာ/ဆရာများအား ပြန်လည်ဆွေးနွေးကြစေလိုကြောင်း ပြောကြားပေးခဲ့သည်။ ယင်းနောက် သင်တန်းဆက်လက်ပို့ချရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူးသူနာပြုဆရာမကြီးနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးတင်အောင်လင်းတို့က သင်တန်းသား/ သင်တန်းသူ ဆရာ/ ဆရာမ(၄၄)ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက  ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်ဖြည့်သွင်းနည်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ BMI မှတ်တမ်းများစနစ်တကျတိုင်းတာထိန်းသိမ်းနည်းများကို ရှင်းလင်းဆွေးနွေးပို့ချပြီး ဆွေးနွေးပွဲတက်ရောက်လာသည့် မြို့နယ်မှအခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ/ ဆရာမ(၄၄)ဦးက သိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)