ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 



MNP - စက်တင်ဘာ   ၈


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြိုနယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အသီးသီး ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်း အနေဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအလယ်တန်း ကျောင်းခွဲသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ဒေသဖွံဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း  အဖွဲ့ခေါင်းဆောင် မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်အေး ခေါင်းဆောင်၍ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း နှင့် အမှတ်(၄)အခြေခံအပညာ အလယ်တန်းခွဲကျောင်းသို့  ကျောင်းနှင့်ပက်သက်၍ လိုအပ် ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ မြိုနယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးရွှေလှိုင်က ပညာသင်ကြားရေးပိုင်းတွင် ဆရာ၊ ဆရာမများ လိုအပ်မှုအတွက် ပြင်ပစေတနာရှင် သင်ကြားပေးနိုင်နည့်သူများကို ကျောင်း အကျိုးတော်ဆောင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရန်မှာကြားခြင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကာယ အချိန်တွင် သင်တန်းနည်းပြများဖြင့် ကူညီဆောင်ရွက်ပေးရန်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နေ့ထူးနေမြတ်များတွင် ဟောပြောပွဲများ နံရံကပ်စာစောင်ပြပွဲများနှင့် စာအုပ်ပြပွဲများ ဆောင်ရွက်ပေးသွားရန်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေလှပစေရန် အရိပ်ရလေကာပင်နှင့် အလှပန်းပင်များစိုက်ပျိုးရန်အတွက် နည်းပညာများဖြင့် ပေါင်းစပ်ကူညီဆောင်ရွက် ပေးရန်၊ မြိုနယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ကျောင်းနှင့်ပက်သက်သော မြေနေရာ ကိစ္စများတွင် ကူညီဆောင်ရွက်ပေးကြရန်  ပညာရေးစစ် ကြောင်းအဖွဲ့ဝင်များက ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၏ တင်ပြချက်များအပေါ် ကူညီဆောင်ပေးနိုင်ရန် အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။


ဆက်လက်ပြီး ပညာရေးစစ်ကြောင်းကွင်းဆင်း ဆောင်ရွက်မှုတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်  ပေ (၁၂၀×၃၀) နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရန် မြေနေရာ တိုင်းတာစစ်ဆေးမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုများကို ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။


 သတင်း - သီတာဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)