ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

 


MNP - စက်တင်ဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက မြို့နယ် အတွင်းရှိ အများပြည်သူများ သွားလာရာနေရာများနှင့် ကျောင်းများတွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်  ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ Mask Campaign များ အခမဲ့ဖြန့်ဝေခြင်း၊ ပိုးသတ်ဆေးများဖျန်းပေးခြင်းကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - ရွှေဇင်ခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)