အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

 


MNP - စက်တင်ဘာ  ၁၃


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာရုံးရှေ့၊ စည်ပင်သာယာဈေးအနီး စာတိုက်လမ်းတွင် ပြုလုပ်ခဲ့သည်။


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဆန်တစ်ပြည် (၁၂၅၀)ကျပ်၊ ဆီ(၅၀)ကျပ်သား ၂၇၀၀ကျပ်၊ ကြက်ဥ (၅)လုံး၉၀၀ကျပ်၊ အမဲသား(၁)ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာ ၈၀၀၀ကျပ်နှင့်ဟင်းသီးဟင်းရွက်အမျိုးစုံကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းဝင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)