နမ့်စန်မြို့နယ်၊ အမှတ်(၁၀)ကျေးရွာ၊ သုဓမ္မရာမ ကျောင်းတိုက်အတွင်း တည်ထား ပူဇော်အပ်သော ရတနာဃရ လိုတရစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူ ပူဇော်ပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နမ့်စန်မြို့နယ်၊ အမှတ်(၁၀)ကျေးရွာ၊ သုဓမ္မရာမ ကျောင်းတိုက်အတွင်း တည်ထား ပူဇော်အပ်သော ရတနာဃရ လိုတရစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူ ပူဇော်ပွဲ ကျင်းပပြုလုပ်

052

MNP ၊ စက်တင်ဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ အမှတ်(၁၀)ကျေးရွာ၊ သုဓမ္မရာမ ကျောင်းတိုက်အတွင်း တည်ထားပူဇော်အပ်သော ရတနာဃရ လိုတရစေတီတော်မြတ် ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းကို ယမန်နေ့က အဆိုပါကျောင်းတိုက် အတွင်း၌ ပြုလုပ်ရာ ကျောက်မဲဆရာတော် ဘဒ္ဒန္တသုဇာတ အမှူးပြု ဆရာတော်သံဃာ တော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြ သည်။


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရတနာဃရ လိုတရစေတီတော် မြတ်ကြီး၏ ရွှေထီးတော်မြတ်ကိုပင့်ဆောင်၍ လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ကာ ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရော်လာကြသူများက ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်နှင့် နေ့ဆွမ်းများ ဆက်ကပ်လောင်းလှူခဲ့ကြ ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages