တောင်သာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး



MNP - စက်တင်ဘာ   ၈


မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ဦးဆောင်၍   မြို့နယ်အဆင့်  ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် သံဘိုအုပ်စု၊သံဘိုကျေးရွာအရောက်  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးဟန်သူရနှင့်   အဖွဲ့ဝင်များ ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့သည်  သံဘိုအုပ်စု၊သံဘို ကျေးရွာသို့သွားရောက်၍  ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဉက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အမှာစကားပြောကြားပြီးနောက် ဌာနဆိုင်ရာအကြီးအကဲများမှတစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဒေသခံပြည်သူများမှ ကျေးရွာ လိုအပ် ချက်များ  တင်ပြဆွေးနွေးရာတွင်  သံဘိုကျေးရွာမှ မီးရရှိရေး၊ပညာရေး စသည်များ  အသီးသီး တင်ပြချက်အပေါ်  သက်ဆိုင်ရာဌာနများမှ ပြန်လည် ရှင်းလင်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရကဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း  သိရသည်။


သတင်း - ကျော်မျိုးနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)