MNP - စက်တင်ဘာ ၁၀
ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်း ချိုသာစွာ ရောင်းချပေးလျက်ရှိရာ ကြည့်မြင်တိုင်မြို့နယ် သရက်တောတောင်ရပ်ကွက်တွင် ယမန်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီ ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များမှ ရပ်ကွက်နေပြည်သူများအား ဆန် ဆီ၊ ကြက်ဥများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အခြေခံစားသောက်ကုန်များကို ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်၊ စားဆီ တစ်ပိဿာလျှင် ၅၃၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း - ခိုင်ဇာလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment