(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

10


MNP - စက်တင်ဘာ   ၅


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားနယ်မြေရဲစခန်းမှ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်၊ ယနေ့နံနက် (၈) နာရီခွဲက လက်ပံပျားကျေးရွာ မနောယမဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်၊ ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်း၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူ၍  ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျား ကျေးရွာ နယ်မြေရဲစခန်းမှ ရဲအုပ်မျိုးနိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်အားအား (၂+၁၃) စုစုပေါင်း(၁၅)ဦးဖြင့် လက်ပံပျားကျေးရွာရှိ ဆရာတော်ဘဒ္ဒန္တခေမိန္ဒ ကျောင်းထိုင်သည့် မနောယမဘုန်းတော်ကြီးကျောင်းဝန်း အတွင်း/အပြင်ရှိ ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မီးရှို့ခြင်းများနှင့် ဘုရားစေတီများ ရေသပ္ပယ်ခြင်းများကို တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များဖြင့် နံနက် (၁၀) နာရီအထိ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages