စစ်ကိုင်းမြို့တွင် စပါး၊ နေကြာ၊ ဝါ၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး ဝန်ထမ်း/ တောင်သူ နည်းပညာပေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် စပါး၊ နေကြာ၊ ဝါ၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး ဝန်ထမ်း/ တောင်သူ နည်းပညာပေးသင်တန်းဖွင့်လှစ်




MNP - စက်တင်ဘာ   ၁၄


စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးစီးဌာနမှ ကြီးမှူး၍ စပါး၊ နေကြာ၊ ဝါ၊ တစ်ဧက အထွက်နှုန်း တိုးတက်ရေး ဝန်ထမ်း/ တောင်သူ နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး မြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်ဆွေဝင်း၊ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ကြည်ရွှေ၊ သီးနှံကာကွယ်ရေး တာဝန်ခံ ဦးမြင့်လွင်နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာလွင်တို့က သီးနှံများ စနစ်တစ်ကျ စိုက်စနစ်မှန်ရွေးချယ်ရေး၊ မြေဆီလွှာနှင့် မျိုးကောင်း၊ မျိုးသန့်ရွေးချယ်ရေး၊ ပိုးမွှားအန္တရာယ် ကင်း ရှင်းရေး၊ သဘာဝမြေဩဇာစနစ်တစ်ကျ အသုံးပြုရေး၊ စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းသည်အထိ ပေါင်းမြက်က်ကင်းရှင်းရေး နည်းပညာများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။


အဆိုပါသင်တန်းကို တစ်ရက်တာ ပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး များနှင့် ဝန်ထမ်းများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)